NEWMEN NEWMEN
MENU
24 Nov 2015
HTML5 CANVAS JAVASCRIPT LIBRARIES

Awwwards Winning Websites တွေကို မကြည့်ဖြစ်တာကြာလို့ ပြန်ဝင်ကြည့်ဖြစ်တယ်။

ဆုရတဲ့ Websites တွေမှာပါတဲ့...Interfaces တွေ.. Layouts တွေ... Interactive elements တွေက...သိပ်ကောင်းလွန်း တယ်ဗျာ...။ ဘာတွေနဲ့ ဘယ်လိုလုပ်ထားမှန်းကို မသိတာ။

Game တွေ Movies တွေမှာပါတဲ့ Effects တွေမျိုးကို Browser ပေါ်မှာ Render လုပ်လာနိုင်တာ...။

ဟာ အဲတော့မှ ကိုယ်ပဲ တော်တော် ပြတ်ကျန်ခဲ့တာ...။ Web Design Trends ကို တော်တော်ကြီးကို Out of Date ဖြစ်နေမှန်း သိသွားတာ...။

ဟဲဟဲ..။ ကိုတွေလဲ ဆုမရတောင် အဲလိုမျိုး တွေတော့ ဖန်တီးချင်တာပေါ့နော်... ။ အဲဒါနဲ့ ဒီလိုမျိုး တွေရအောင် ဘာတွေနဲ့ လုပ်ထားလဲပေါ့...။

အဲတော့မှ ရှာကြည့်မိတာ သူတို့သုံးတာက HTML5 Canvas တွေ သုံးပြီး သိပ်ကောင်းတဲ့ Effects တွေရအောင်လုပ်ထားတာ..။

သူတို့ အများဆုံးသုံးထားတာက HTML5 Canvas Libraries တွေဗျ...။ PixiJS, Three.js နဲ့ CreateJS တွေပဲ...။ အဲဒါတွေ မလေ့လာခင်တော့ HTML5 Canvas API ကိုသိထားရင်ပိုအဆင်ပြေမယ်ထင်တယ်...။

ကိုလိုချင်တဲ့ ပုံလေးတွကို Color လေးတွေနဲ့ ပုံဖော် လို့ရတယ်...။ အောက်က Link က Mozilla Developers အဖွဲ့ကလုပ်ထားတာပါ...။

နောက်တစ်ခုက PixiJs လို့ခေါ်တဲ့ HTML5 Creation Engine ပါ...။ နောက်တစ်ခုကတော့ Three.js လို့ခေါ်တဲ့ Javascript 3D Library ပါ..။ သူကတော့ 3D effects တွေ 3D Visualization တွေကို Browser ပေါ်မှာ Render လုပ်နိုင်တဲ့ Library ပါ..။

Awwwards Winning Sites တွေမှာ အများဆုံး သုံးထားတာက Three.js နဲ့ PixiJs ပါ..။ အောက်က Project လေးက ကျန်ခဲ့တဲ့ ဆယ်စုနှစ်က YouTube ပေါ်က အကောင်းဆုံး Videos တွေကို ကျွန်တော်တို့ Knowledge နဲ့ စစ်တဲ့ Game Test လေးပါ...။ သူ့ကိုတော့ CreateJS, Pixi.js and GreenSock တွေကိုသုံးပြီး ဖန်တီးထားတယ်...။

I believe you can make a good living doing work you love.
Just a sec.